လစဉ်ဒေတာသတ်မှတ်ချက်ပမာဏ ပြောင်းလဲမှုနှင့်ပတ်သက်သမျှ

မေလ ၂၀ ရက်နေ့ မှ စတင်၍ ATOM အိမ်သုံးကြိုးမဲ့ အင်တာနက် ၏ လစဉ်ဒေတာသတ်မှတ်ချက် နှင့်ထပ်တိုးဒေတာအစီအစဉ် တို့ကို အဓိကပြောင်းလဲထားပါသည်။
ATOM အိမ်သုံးကြိုးမဲ့ အင်တာနက်အတွက် လစဉ်သတ်မှတ်ချက် ဒေတာပမာဏ (မျှတစွာသုံးစွဲခြင်းမူဝါဒ) ကို ယခင် ရက်30 အတွက်111GB မှ ယခု ရက်30 အတွက်150 GB သို့ပြောင်းလဲထားပါသည်။
ATOM ၏အိမ်သုံးကြိုးမဲ့ အင်တာနက်အတွက် ရက်၃၀ ကို မြန်နှုန်း 10Mbps (ရရှိနိုင်သောအမြင့်ဆုံးမြန်နှုန်းသည် Service Location ရရှိမှုပေါ်တွင်မူတည်ပါသည်) ဖြင့် 150GB (မျှတစွာသုံးစွဲခြင်းမူဝါဒအရ )ရရှိမည်ဖြစ်ပြီး 150 GB ထက်ကျော်လွန်အသုံးပြုပါက ရက်၃၀ အတွင်း ကျန်ရှိသောရက်များကိုမြန်နှုန်း 0.5Mbps ဖြင့် အကန့်အသတ်မရှိဒေတာကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ ပထမရက် ၃၀ ကုန်ဆုံးသည့်နေ့တွင် မြန်နှုန်း 10Mbps ဖြင့် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ရက်၃၀ အတွက် မျှတစွာသုံးစွဲမှူပမာဏ 150 GB ရရှိမည်ဖြစ်ပါသည်။
လက်ရှိသုံးစွဲနေသူများ တွင် ပထမအကြိမ် 111 GB ရရှိပြီးထားသော သူများ သည် ဒုတိယအကြိမ်မှစတင်၍ 150 GB ရရှိမည်ဖြစ်သည်.
လက်ရှိသုံးစွဲနေသူများ တွင် ဒုတိယအကြိမ် 111 GB ရရှိပြီးထားသော သူများ သည် တတိယအကြိမ်မှစတင်၍ 150 GB ရရှိမည်ဖြစ်သည်
လက်ရှိသုံးစွဲနေသူများ တွင် တတိယအကြိမ် 111 GB ရရှိပြီးထားသော သူများ သည် 150 GB ရရှိရန်နောက် တစ်ကြိမ်သက်တမ်းတိုးရန် လိုအပ်ပါမည်
မြန်နှုန်းကို 10 Mbps အထိတိုးမြှင့်ပေးထားပါသည်။ ရရှိနိုင်သောအမြင့်ဆုံးမြန်နှုန်းသည် Service Location ရရှိမှုပေါ်တွင်မူတည်ပါသည်
စျေးနှုန်းအပြောင်းအလဲမရှိပါ
ထပ်တိုးဒေတာအစီအစဉ်တွင် ဒေတာကျန်ရှိနေပြီး Base Plan ကိုသက်တမ်းကုန်ဆုံးသည့်ရက်မှရက် 30 မတိုင်မီ သက်တမ်းတိုးလျှင်သယ်ယူအသုံးပြုနိုင်ပါသည်
မြန်နှုန်းကို 10 Mbps အထိတိုးမြှင့်ပေးထားပါသည်။ ရရှိနိုင်သောအမြင့်ဆုံးမြန်နှုန်းသည် Service Location ရရှိမှုပေါ်တွင်မူတည်ပါသည်.
Base Plan ကို သက်တမ်းကုန်ဆုံးသည့်ရက်မှရက် 30 မတိုင်မီ သက်တမ်းတိုးနေသေးသရွေ့ သယ်ဆောင်အသုံးပြုသွားနိုင်ပါသည်
၂၀၂၀ မေလ ၂၀ ရက်နေ့ ၀၀း၀၁ နာရီ မှစတင်၍ လစဉ်ဒေတာသတ်မှတ်ချက် ပမာဏ အသစ် (မျှတစွာသုံးစွဲခြင်းမူဝါဒ) နှင့် ထပ်တိုးဒေတာအစီအစဉ် အသစ် သည်စတင် သက်ရောက်မည်ဖြစ်ပါသည်။