ATOM အိမ်သုံးဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှု၏ စည်းကမ်းသတ်မှတ်ချက်များ

လူကြီးမင်းတို့၏ အင်တာနက်လိုအပ်ချက်အတွက် ATOM ၏ မြန်နှုန်းမြင့် Broadband အင်တာနက် ၀န်ဆောင်မှုကို ရွေးချယ်သုံးစွဲသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဤစည်းကမ်းသတ်မှတ်ချက်များသည် လူကြီးမင်း (သို့မဟုတ် သုံးစွဲသူ)နှုင့် မြန်မာနင်ငံ၏ဥပဒေများနှင့်အညီ မှတ်ပုံတင်၍ မှတ်ပုံတင်အမှတ် (၁၈၄၆၇၆၉၆၆) ဖြင့် အမှတ် ၂၂၁၊ ၁၇-၂၂-၂၃ အလွှာ၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားရှိသော ATOM Myanmar Ltd.(သို့မဟုတ် ATOM )တို့ကြားတွင် တရားဝင်အတည်ဖြစ်၍ လိုက်နာရန်လိုအပ်သည့် သဘောတူညီချက်ဖြစ်သည်။ ATOM ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအား သုံးစွဲခြင်းဖြင့် သို့မဟုတ် ပေးချေခြင်းဖြင့် လူကြီးမင်းသည် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ကြောင်း နှင့် ဤစည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည် ပြီးဖြစ်ကြောင်းကို ကိုယ်စားပြုရာရောက်ပါသည်။

အကျုံးဝင်သည့် ၀န်ဆောင်မှုများ

  • ဤသဘောတူညီချက်အားရည်ရွယ်၍ "၀န်ဆောင်မှု" ဆိုသည်မှာ အင်တာနက်ကို လူကြီးမင်းဝင်ရောက်ရယူနိုင်ရန် သို့မဟုတ် သုံးစွဲနိုင်စေရန်အတွက် လူကြီးမငအား (ATOM ၏ တရားဝင်အဖွဲ့အစည်း) များမှပေးအပ်လျက်ရှိသော အင်တာနက်ဝန်ဆောင်မှုကို ဆိုလိုပါသည်။
  • ၀န်ဆောင်မှုကို လွှမ်းခြံုမှုရှိသော အချို့သော ဧရိယာတို့တွင်သာလျှင် ၀န်ဆောင်မှုကို ရရှိနိုင်ပါမည်။
  • သို့ရာတွင် မည်သည့် ပထဝီ အနေအထားတွင်မဆို ၀န်ဆောင်မှုကို မရရှိနိုင်ခြင်းကြောင့် လူကြီးမင်းတို့၏ မည်သည့် ဆုံးရှုံးနစ်နာမှုအတွက်မဆို ATOM တွင် ပေးရန်တာဝန်မရှိစေရပါ။
  • ATOM မှ တိုက်ရိုက်သော်လည်းကောင်း သို့မဟုတ် ATOM မှ ခန့်အပ်ထားသော ကိုယ်စားလှယ်များ သို့မဟုတ် တဆင့်ခံ ကန်ထရိုက်တာများမှ တဆင့်သော်လည်းကောင်း ၀န်ဆောင်မှုကိုပေးအပ်ပါမည်။
  • ATOM သည် ၀န်ဆောင်မှုကို ပေးအပ်ရုံမျှသာဖြစ်၍ ၀န်ဆောင်မှုသုံးစွဲရာတွင် လူကြီးမင်းကြံုတွေ့ရသော မည်သို့သောပါ၀င်အကြောင်းအရာ သို့မဟုတ် ကျသင့်သည့် ကောက်ခံမှုတို့နှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် တာဝန်တစ်စုံတစ်ရာမရှိပါ။
  • ATOM နှင့် ကြိုတင် သဘောတူညီချက်ရရှိထားခြင်း မရှိဘဲ လူကြီးမင်းအနေဖြင့် ၀န်ဆောင်မှုကို အလုံးစုံ သို့မဟုတ် မည်သည့် တစ်စိတ်တစ်ပိုင်းအားဖြင့် ပြန်လည်ရောင်းချခြင်း မပြုရသည့်အပြင် ၀န်ဆောင်မှုအား ထပ်ဆင့်ထုတ်လွှင့်ခြင်း သို့မဟုတ် အခြားတစ်ပါးသူ တစ်ဦးဦးသို့ ၀န်ဆောင်မှုပေးအပ်ခြင်း တို့ကို မပြုလုပ်ရပါ။
  • ၀န်ဆောင်မှုများကို ပေးအပ်ရာတွင် အထောက်အကူဖြစ်စေနိုင်ခြင်းငှာ ပုံမှန်အားဖြင့် လိုအပ်သည့် ATOM ၏ ပစ္စည်းကိရိယာများအတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသည့် ၀န်ဆောင်မှု မျိုးကိုမူ ATOM က ပေးအပ်သွားမည်။

လူကြီးမင်းတို့၏ ပစ္စည်းကိရိယာ

  • ၀န်ဆောင်မှုကို လူကြီးမင်းလက်ခံရရှိ သုံးစွဲနိုင်ရန်အလို့ငှာ လိုအပ်သော လူကြီးမင်းပစ္စည်းကိရိယာ (မည်သည့် ကွန်ပြူတာနှင့် ပစ္စည်းကိရိယာမဆို အပါအဝင်)များ၏ အနည်းဆုံး နည်းစနစ်လိုအပ်ချက်နှင့် ပြည့်မီမှုရှိစေရန်မှာ လူကြီးမင်း၏တာဝန်ပင်ဖြစ်သည်။ လူကြီးမင်းတို့ပစ္စည်း ကိရိယာများ၏ အနည်းဆုံး နည်းစနစ်လိုအပ်ချက်ကို ပြည့်မီမှုမရှိခြင်းကြောင့် လူကြီးမင်း၏ဆုံးရှုံးမှုများကို လည်းကောင်း သို့မဟုတ် မိမိ၏ ပစ္စည်းကိရိယာများကို အဆင့်တိုးမြှင့်ရာတွင် လူကြီးမင်းအနေဖြင့် ကုန်ကျသော စရိတ်အတွက်သော်လည်းကောင်း ATOM အနေဖြင့် ပေးရန်တာဝန်မရှိစေရပါ။

ATOM ၏ ပစ္စည်းကိရိယာ

  • ATOM ၏ ပစ္စည်းကိရိယာဟုဆိုရာတွင် လူကြီးမင်းတို့အား ၀န်ဆောင်မှုကို ၀င်ရောက် ရယူနိုင်အောင် စွမ်းဆောင်ပေးရန် ATOMမှ လူကြီးမင်းတို့နေရာ၊ အဆောက်အအုံတွင် တပ်ဆင်ထားပေးသော မည်သည့် ပစ္စည်းကိရိယာ(မည်သို့သော router မဆို အပါအဝင်)တို့ကိုမဆို ဆိုလိုပါသည်(ATOM Equipment)။ ATOM ၏ ပစ္စည်းကိရိယာများကို ATOM သည်သာလျှင်ပိုင်ဆိုင်ခွင့်ရှိပြီး ၀န်ဆောင်မှုကို သုံးစွဲခြင်း သို့မဟုတ် ၀င်ရောက်ရယူခြင်းအတွက်မျှသာလျှင် လူကြီးမင်းအားခွင့်ပြုပေးထားခြင်းဖြစ်ပါသည်။
  • ATOM၏ ပစ္စည်းကိရိယာကို အခါအားလျော်စွာ ပြောင်းလဲနိုင်ခွင့် ATOM ကရရှိထားပြီးသည့်အပြင် ဤစည်းကမ်းသတ်မှတ်ချက်များကို ရပ်စဲခဲ့ပါက ATOM၏ ပစ္စည်းကိရိယာကို ဖြုတ်ချပိုင်ခွင့်လည်း ရှိပါသည်။ အကယ်၍ ATOM၏ ပစ္စည်းကိရိယာများသည် လူကြီးမင်းကြောင့် ချွတ်ယွင်းပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းဖြစ်သည့်အခါတွင် ATOM၏ ပစ္စည်းကိရိယာ၏ တန်းဖိုးအား ပြန်လည်ပေးလျော်ရန် လူကြီးမင်းမှတာဝန်ယူရမည်ဖြစ်သည်။
  • ဝန်ဆောင်မှုပေးရန် တပ်ဆင်သည့် ကိရိယာပစ္စည်းများသည် AML ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ပြီး၊ ATOM Power Fiber ဝန်ဆောင်မှုအား ဆက်လက်အသုံးမြ့ပုရန် အသုံးပြုသူက ဆုံးဖြတ်ပါက AML ထံပြန်လည်လွဲအပ်ရမည်။

၀န်ဆောင်မှု အတွက် ကောက်ခံမည့်အဖိုးအခများ

  • ၀န်ဆောင်မှု ကမ်းလှမ်းချက် (Service Quote) တွင် သတ်မှတ်ဖေါ်ပြထားသော ၀န်ဆောင်မှုများအတွက် (သက်ဆိုင်ရာ စီစဉ်ဆောင်ရွက်ခ၊ တပ်ဆင်ခ၊ လစဉ်ကြေး/ သတ်မှတ်နှုန်းထားများနှင့် ပစ္စည်းကိရိယာကြေးများအပါအဝင်) ယင်းကဲ့သို့သော အဖိုးအခများကို လူကြီးမင်းက ပေးချေရပါမည်။
  • ကျသင့်ကောက်ခံလွှာကို လူကြီးမင်းတို့ထံသို့ ATOMက လစဉ်ပေးပို့ပါမည်။ ယင်းကျသင့် ကောက်ခံလွှာတွင် ပေးချေရမည်ဟု သတ်မှတ်ဖေါ်ပြထားသည့် နေ့ရက်တွင် အပြည့်အဝပေးချေရပါမည်။ အခြားတနည်းအားဖြင့် ကြိုတင်ငွေဖြည့်တင်းနိုင်သည့် စနစ်ဖြင့်လည်းရရှိနိုင်ပါမည်။ ဤစနစ်ဖြင့် ငွေဖြည့်တင်းရာတွင် ATOM မှ အခါအားလျှော်စွာ သတ်မှတ်ထုတ်ပြန်ထားသော နည်းလမ်းများကို ကျင့်သုံး၍ ဆောင်ရွက်နိုင်ပါသည်။ ၀န်ဆောင်မှုကိုသုံးစွဲသည့်အလျောက် ဖြည့်တင်းထားသော ပမာဏမှာ လျော့နည်းသွားပါမည်။ ဤသဘောတူညီမှုအောက်တွင် ကျသင့်သည့် မြန်မာနိုင်ငံ၏ပြည်တွင်း အခွန်အခများအားလုံးကို ပေးချေရန် လူကြီးမင်းအနေဖြင့် သဘောတူညီမှုရှိပါသည်။ ငွေသားဖြင့် ပေးချေခြင်းပြုနိုင်မည့် နည်းလမ်းများကိုလည်း ATOM ကကမ်းလှမ်းထားရှိပါသည်။
  • ၀န်ဆောင်မှုအတွက် ကောက်ခံသောအဖိုးအခ သို့မဟုတ် နှုန်းထားများနှင့်စပ်လျဉ်း၍ ATOMမှ မိမိတစ်ဦးတည်း ဆုံးဖြတ်၍ မည်သည့်အချိန်တွင်မဆို ယင်းတို့ကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲသတ်မှတ်ခြင်းတို့ကို ပြုလုပ်နိုင်ခွင့်ကိုရရှိထားပါသည်။ အကယ်၍ တစ်စုံတစ်ရာ ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်လဲခြင်းတို့ရှိပါက ATOM က ယင်းတို့ကို လူကြီးမင်းတို့ထံသို့ သင့်တင့်သော နည်းလမ်းဖြင့်တစ်ပတ်တိတိကြိုတင်၍ အကြောင်းကြားခြင်းပြုမည်ဖြစ်ပါသည်။ အကယ်၍ ATOM၏ ပြင်ဆင်ပြောင်းလဲမှုများကို လူကြီးမင်းတို့အနေဖြင့် လက်ခံနိုင်ခြင်းမရှိပါက ATOMအားအကြောင်းကြား၍ ၀န်ဆောင်မှုသုံးစွဲခြင်းကို ရပ်စဲနိုင်ပါသည်။
  • ဘေလ်ပေးဆောင်ရန် သတ်မှတ်ထားသောနောက်ဆုံးရက်အထိပေးဆောင်ခြင်းမရှိပါက၊ လူကြီးမင်း၏အင်တာနက်လိုင်းအားခေတ္တယာယီဆိုင်းငံ့လိမ့်မည်ဖြစ်ပါသည်။
  • လူကြီးမင်း၏အင်တာနက်လိုင်းအားခေတ္တယာယီဆိုင်းငံ့ခြင်းကာလသည် ရက် ၆၀ အထိကျော်လွန်သွားပါက၊ အင်တာနက်လိုင်းသည် အလိုအလျောက်ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။ လူကြီးမင်း၏ subscription/အော်ဒါနံပါတ်အား systemမှ အလိုအလျောက်ပယ်ဖျက်သွားမည်ဖစ်ပါသည်။
  • ဝန်ဆောင်မှုအားပန်လည်အသုံးပြုလိုပါက https://broadband.atom.com.mmတွင် ဝန်ဆောင်မှုအား အသုံးပြုရန်အာ်ဒါအသစ်ပြန်လည်တင်ပေးရပါမည်။
  • သုံးစွဲသူ၏ အမှားကြောင့် အင်တာနက်အသုံးပြု၍မရပါက၊ သုံးစွဲသူသည် လာရောက်ပြန်လည်ပြင်ဆင်မှုအတွက် ကျသင့်ငွေအား ATOM၏ technical team (သို့) ATOMမှ ခန့်အပ်ထားသော subcontractors (သို့) agents သို့ပေးဆောင်ကောင်းပေးရပါလိမ့်မည် (ကေဘယ်လ်ကြိုး ပျက်စီးမှု၊ rotuer ပျက်စီးမှု၊ ကေဘယ်လ်ကြိုးလျော့ရဲမှု၊ စသည်ဖြင့်)။

ATOM ၏ ပစ္စည်းကိရိယာများကို တပ်ဆင်ခြင်း

  • လူကြီးမင်း၏ ဝန်ဆောင်မှုကိုအသုံးပြုရန် စာရင်းသွင်းခြင်းအတွက် ငွေပေးချေပြီးသည်နှင့်် ATOM၏ ပစ္စည်းကိရိယာများကို တပ်ဆင်ခြင်းအတွက် ရက်ချိန်းပြုလုပ်ရန် customersအား ရုံးဖွင့်ရက်(၂)ရက်အတွင်း ဆက်သွယ်ပါလိမ့်မည်။ လူကြီးမင်းတို့အနေဖြင့် တပ်ဆင်မည့် နေ့ရက်နှင့်အချိန်တို့ကို ပြင်ဆင်ချိန်ဆိုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုလုပ်လိုပါက ချိန်းဆိုသည့်နေ့ရက်မတိုင်မှီ ရုံးဖွင့်ရက်(၂)ရက်အတွင်း(၂)ရက်ကြိုတင်အကြာင်းကြားရမည်။ ATOM၏ ပစ္စည်းကိရိယာများကို တပ်ဆင်ခြင်းသည် (၄)နာရီနီးပါခန့် ကြာမြင့်နိုင်ပါသည်။
  • ATOM၏ ပစ္စည်းကိရိယာများကို တပ်ဆင်ရန်၊ ပြုပြင်ထိန်းသိမ်းရန်၊ စစ်ဆေးရန်၊ ပြင်ဆင်ရန် နှင့် ဖြုတ်ချခြင်းတို့ပြုရန်အတွက် ATOM နှင့် ၄င်းတို့၏ ၀န်ထမ်းများ၊ တဆင့်ခံကန်ထရိုက်တာများ နှင့် ကိုယ်စာလှယ်များကို လူကြီးမင်း၏အဆောက်အအုံအတွင်းသို့ ၀င်ရောက်ခြင်းအတွက် လူကြီးမင်းမှခွင့်ပြု ထားပြီး ဖြစ်ပါသည်။ အကယ်၍ လူကြီးမင်းသည် အဆောက်အအုံ၏ ပိုင်ရှင်မဟုတ်ပါက ပိုင်ရှင်အမည်၊ နေရပ်လိပ်စာတို့ကို ATOMအား ပေးအပ်ရမည့်ပြင် လူကြီးမင်းသည် ထိုသို့ခွင့်ပြုပေးနိုင်ရန် အခွင့်အာဏာရရှိထားသူဖြစ်ကြောင်း သက်သေအထောက်အထားများကို ပေးအပ်ရမည်။ အကယ်၍ ATOM ကတောင်းခံခဲ့ပါက ပိုင်ရှင်မှလည်း သဘောတူညီကြောင်းကို စာဖြင့်ရေးသား ပေးအပ်ရမည်။ အဆောက်အအုံတွင် ပြောင်းလဲပြင်ဆင်ခြင်းများ၊ လိုအပ်သော နေရာတွင်drillဖေါက်ခြင်းများကို (အကယ်၍ တစ်စုံတစ်ရာလိုအပ်ခဲ့ပါက) ပြုလုပ်ရန် လူကြီးမင်းအနေဖြင့် ATOM အား ခွင့်ပြုရပါမည်။
  • ATOM၏ ပစ္စည်းကိရိယာများကို တပ်ဆင်သည့် ကာလအတောအတွင်း လူကြီးမင်း သို့မဟုတ် အသက်(၁၈)နှစ်ပြည့်ပြီးသော လူကြီးမင်းမှခွင့်ပြုထားသူ တစ်ဦးဦးသည် အဆောက်အအုံ အတွင်းတွင်ရှိနေရပါမည်။ အကယ်၍ လူကြီးမင်း သို့မဟုတ် လူကြီးမင်းမှခွင့်ပြုထားသူ တစ်ဦးဦးသည် အဆောက်အအုံအတွင်းတွင် ယင်းကဲ့သို့ရှိမနေသည့် ကိစ္စရပ်တွင် တပ်ဆင်ခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ထပ်မံ၍ လူကြီးမင်း ၏ နေအိမ်အဆောက်အအုံ အတွင်း ATOM၏ ပစ္စည်းကိရိယာများတပ်ဆင်ရန် လိုအပ်သော နေရာ၊ မီးအားအသုံးပြုခြင်းနှင့် အခြား ကြိုးကြောင်း ဆီလျော်သော လိုအပ်ချက်များအတွက် လူကြီးမင်းမှ ဆောင်ရွတ်ပေးရမည် ဖြစ်သည်။ စက်ပစ္စည်းများ တပ်ဆင်သည့်နေ့ရက်ကို ပြောင်းလဲရွေ့ဆို်င်းခြင်းနှင့်စပ်လျဉ်း၍ ဤကဲ့သို့ ပြောင်းလဲရွှေ့ဆိုင်းခဲ့ရသည့်အတွက်ကြောင့် ကုန်ကျသော ATOM၏ ကုန်ကျစရိတ်ကို လူကြီးမင်းကပေးရန် တာဝန်ရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် ယင်းကို (၂၁)ရက်အတွင်း ပြန်လည်ချိန်းဆိုသတ်မှတ် ရပါမည်။ အကယ်၍ လူကြီးမင်းအနေဖြင့် ယင်းကဲ့သို့ ချိန်းဆိုသတ်မှတ်ရန်ပျက်ကွက်ခဲ့ပါက ဤစည်းကမ်းသတ်မှတ်ချက်များကို ATOM ကရပ်စဲနိုင်ပါသည်။
  • ဝန်ဆောင်မှုများ ပြုလုပ်ရန် တပ်ဆင်ထားသော Wi-Fi router နှင့် ကိရိယာအစိတ်အပိုင်းတို့သည် AML ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြသည်။ သုံးစွဲသူ၏ အမှားကြောင့် ကိရိယာပစ္စည်းများ တစ်စိတ်တစ်ပိုင်းဖြစ်စေ အားလုံးဖြစ်စေ ပျက်ဆီးခဲ့ပါက သို့မဟုတ် ပျောက်ဆုံးခဲ့ပါက သုံးစွဲသူမှAML အား ပစ္စည်းတန်ဖိုးအတိုင်း ပေးဆောင်စေရမည်။

၀န်ဆောင်မှုသက်တမ်း

  • သုံးစွဲသူများအနေဖြင့် ဖိုင်ဘာအင်တာနက် ၀န်ဆောင်မှုအား အနည်းဆုံး(၆)လခန့် အသုံးပြုမည်ဖြစ်ကြောင်း ကတိကဝတ်ပြုရမည်ဖြစ်သည်။ အင်တာနက်လိုင်းစတင် activationပြုလုပ်သည့်နေမှစတင်၍ သုံးစွဲသူ၏ဝန်ဆောင်မှုစတင်သုံးစွဲသည့်နေ့အဖြစ် သတ်မှတ်မည်ဖြစ်သည်။

၀န်ဆောင်မှုကို တရားမျှတစွာ အသုံးပြုမှုဆိုင်ရာ မူဝါဒ

  • ၀န်ဆောင်မှုကို သုံးစွဲသူများအားလုံးက မျှတစွာရရှိရန် ATOMတွင် တရားမျှတစွာ အသုံးပြုမှုဆိုင်ရာ မူဝါဒ ရှိပါသည်။ ဤ တရားမျှတစွာ အသုံးပြုမှုဆိုင်ရာ မူဝါဒအား အခါအားလျှော်စွာ ပြုပြင်ပြောင်းလဲနိုင်ခွင့်ကို ATOM ကရရှိထားပြီး ယင်းတို့ကို ATOM က ယင်းတို့ကို လူကြီးမင်းတို့ထံသို့ သင့်တင့်သော နည်းလမ်းဖြင့်တစ်ပတ်တိတိကြိုတင်၍ အကြောင်းကြားခြင်းပြုမည်ဖြစ်ပါသည်။ ဤ တရားမျှတစွာ အသုံးပြုမှုဆိုင်ရာ မူဝါဒသည် ဤစည်းကမ်းသတ်မှတ်ချက်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၄င်းကို [https://www.ATOM.com.mm/en/personal/broadband-air-usage-policy]တွင်လည်း ရရှိနိုင်ပါသည်။

ATOM ပေါ်လစီ နှင့် မြန်မာနိုင်ငံ၏ ဥပဒေများဖြင့် ကိုက်ညီမှုရှိရေး

  • တရားဥပဒေနှင့်ဆန့်ကျင်သော သို့တည်းမဟုတ် တရားမဝင်သော ရည်ရွယ်ချက်များအတွက် ၀န်ဆောင်မှုကို သုံးစွဲခြင်းမပြုဘဲ မြန်မာနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာရမည်။ မြန်မာနိုင်ငံ၏ ဥပဒေများကို တစ်စုံတစ်ရာ ချိုးဖောက်သည့်ကိစ္စရပ်များအပြင် အောက်ပါကိစ္စရပ်များအတွက်လည်း ၀န်ဆောင်မှုကို သုံးစွဲခြင်းမပြုရန် လူကြီးမင်းမှသဘောတူညီပါသည်။
    • ပေးပို့ခြင်း၊ လက်ခံခြင်း၊ ထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်း၊ ပြန့်နှံ့စေခြင်း၊ ယင်းကိုလက်ခံရန် အားပေးအားမြှောက်ပြုခြင်း၊ uploadတင်ခြင်း၊ downloadဆွဲခြင်း၊ သို့မဟုတ် ပုတ်ခတ်စော်ကားသော၊ ရုန့်ရင်းကြမ်းတမ်းသော၊ အသရေပျက်စေသော၊ ရိုင်းပျသော၊ မယဉ်ကျေးသည့် ပစ္စည်းတစ်စုံတစ်ရာကို အသုံးပြုခြင်း၊ တရားဥပဒေနှင့်ဆန့်ကျင်သော၊ အနှောက်အယှက်ပြုသော သို့မဟုတ် ခြောက်လှန့်ခြင်း၊ သို့မဟုတ် မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ ဉာဏပစ္စည်းများ၊ လျှို့ဝှက်ချက်များ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် သို့မဟုတ် တစ်စုံတစ်ဦး၏ အခြားမည့်သည့် အခွင့်အရေးများကိုမဆို ချိုးဖောက်ခြင်း
    • သင့်အနေဖြင့် ရုံး/corporate packages အစီအစဉ်အောက်တွင် ၀ယ်ယူထားခြင်းမရှိဘဲ လုပ်ငန်းအတွက် ရည်ရွယ်ခြင်း
    • corporate package အောက်တွင်စီစဉ်ဝယ်ယူထားရှိမှုကို ပုံမှန် မဟုတ်သော လုပ်ငန်းအတွက် ရည်ရွယ်သုံးစွဲခြင်း
    • သဘောဆန္ဒတောင်းခံထားခြင်းမရှိသော အီးမေးလ်များ သို့မဟုတ် စာတိုသတင်းများ၊ ကြော်ငြာ သို့မဟုတ် အရောင်းမြှင့်တင်ရေးဆိုင်ရာကိစ္စများ၊ မည်သည့် ကုန်စည်များ သို့မဟုတ် ၀န်ဆောင်မှုများကိုမဆို ရောင်းချရန်ကမ်းလှမ်းခြင်း၊ သို့မဟုတ် စစ်တမ်းကောက်ယူမှုဆောင်ရွက်ခြင်း သို့မဟုတ် ယင်းတို့ကိုပေးပို့ခြင်း၊ ပြိုင်ပွဲများ သို့မဟုတ် အဆက်မပြတ်တရပ်စပ် စာပေးပို့ခြင်း သို့မဟုတ် uploadတင်ခြင်း
    • (ဗိုင်းရပ်များပါသော ဖိုင်များ၊ မှောက်မှားပျက်ယွင်းစေသော ဖိုင်များ၊ သို့မဟုတ် အခြားမည်သည့် အလားတူ ဆော့ဖ်ဝဲ သို့မဟုတ် ပရိုဂရမ်များ အကန့်အသတ်မဲ့ အပါအဝင်)များကို ယင်းတို့သည် ATOM သို့မဟုတ် အခြားမည်သည့် အင်တာနက်သုံးစွဲသူ သို့မဟုတ် လူပုဂ္ဂိုလ်တို့မဆို ပိုင်ဆိုင်သော မည်သည့် ကွန်ပြူတာ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ(hard ware)တို့၏ စွမ်းဆောင်မှု၊ လုပ်ဆောင်မှုတွင်မဆို အနှောက်အယှက်ပြုခြင်း၊ ပျက်ပြားစေခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ကန့်သတ်ဟန့်တားမှုတို့ကို ဖြစ်ပွါးစေမည် သို့မဟုတ် ဖြစ်တန်စွမ်းရှိမည်ဟု သိရှိထားသော မည်သည့် အီလက်ထရွန်းနစ် အရာဝတ္ထု(electronic material) သို့မဟုတ် SMS /စာတိုသတင်းတို့ကိုမဆို တမင်ရည်ရွယ်၍ဖြစ်စေ သို့မဟုတ် ပေါ့လျော့ပျက်ကွက်သော အားဖြင့်ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် uploadတင်ခြင်း
    • တစ်ပါးသူ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ကျူးကျော်သည့် လုပ်ရပ်များကို ဆောင်ရွက်စေခြင်း၊ ငြိုငြင်မှုကိုဖြစ်စေခြင်း၊ အနှောင့်အယှက်ပြုခြင်း သို့မဟုတ် မည်သူ့ကိုမဆို မလိုလားအပ်သော စိတ်ခံစားချက်များကို ဖြစ်စေခြင်း
    • Download ဆွဲခြင်း၊ တပ်ဆင်အသုံးပြုခြင်း သို့မဟုတ် ခိုးယူကူးချထားသော ဆော့ဖ်ဝဲများ သို့မဟုတ် သင့်လျော်မှန်ကန်သည့်နည်းဖြင့် ခွင့်ပြုထားခြင်းမရှိသည့် ဆော့ဖ်ဝဲများကို ဖြန့်ချီခြင်း၊ မူလပိုင်ရှင်/ဖန်တီးရှင်ဆိုင်ရာ ဖေါ်ပြချက်များ၊ တရားဥပဒေရေးရာ သတိပေးချက်များ သို့မဟုတ် မူပိုင်ဖြစ်ကြောင်း ရေးသားဖေါ်ပြချက်များ သို့မဟုတ် upload တင်ထားသော မည်သည့် ဖိုင်များတွင်မဆို ခပ်နှိပ်ရေးထိုးထားသော တံဆိပ်များကို ဖျောက်ဖျက်ခြင်း သို့မဟုတ် ဆော့ဖ်ဝဲ သို့မဟုတ် အခြားအရာဝတ္ထုပစ္စည်းများ မူလ သို့မဟုတ် အရင်းအမြစ်ကို အတုအပ ပြုလုပ်ခြင်းတို့ အပါအဝင် တရားမဝင် အခြားသော မည့်သည့် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်း တို့၏ အခွင့်အရေးများကိုမဆို ချိုးဖောက်ရာရောက်သည့် ဆောင်ရွက်ချက်များကို ခွင့်ပြုပေးခြင်း
    • ကွန်ရက်အား ချွတ်ယွင်းပျက်ပြားစေခြင်း သို့မဟုတ် သတင်းအချက်အလက်၊ ဆော့ဖ်ဝဲနှင့် အချက်အလက်များကို ကွန်ရက်ပေါ်တွင် ထုတ်လွှတ်စေခြင်း၊ ပေးအပ်စေခြင်းငှာ host ဖြစ်စေရန်ဆောင်ရွက်ခြင်း သို့မဟုတ် ATOM၏ ကွန်ရက် သို့မဟုတ် ၀န်ဆောင်မှုတို့ကို အဟန့်အတား သို့မဟုတ် ၀င်ရောက်အနှောင့်အယှက်ဖြစ်စေခြင်းငှာ မည်သည့်အရာကိုမဆို ခွင့်ပြုပေးခြင်း၊ ဖြစ်စေခြင်း
    • "၀န်ဆောင်မှုကို ငြင်းပယ်စေခြင်း" ဖြင့်တိုက်ခိုက်ခြင်း၊ "စာပို့-ဗုန်းကြဲခြင်း"ဖြင့်တိုက်ခိုက်ခြင်း၊ "spam စာပို့ခြင်း" သို့မဟုတ် "ပြည်လျှံကြပ်ညပ်" စေခြင်းနည်းများဖြင့် ကွန်ရက်တစ်ခု သို့မဟုတ် မူလပင်မ host ကိုတိုက်ခိုက်ခြင်း
    • အလွန်အကျွံ သုံးစွဲမှုပြုခြင်း၊ သို့မဟုတ် ကွန်ရက်ပေါ်တွင် ပုံမှန်မဟုတ်သည့် ၀န်ထုတ်ဝန်ပိုး ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ဥပမာ။ ။ အလွန်ကြီးမားများပြားသော အီးမေးလ် သို့မဟုတ် စာတိုသတင်းများ သို့မဟုတ် မေးလ်တွင် အထူးကြီးမားလှသည့် နောက်ဆက်တွဲများထည့်၍ ပေးပို့ခြင်း
    • ကွန်ရက်တစ်ခု သို့မဟုတ် မူလပင်မ host ၏ သုံးစွဲသူအစစ်အမှန် ခွဲခြားစစ်ဆေးအတည်ပြုရေး သို့မဟုတ် လုံခြံုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လှည့်ဖျားရှောင်လွှဲခြင်း၊ သို့မဟုတ်
    • မှောက်မှားစေသော အချက်အလက် သို့မဟုတ် မှောက်မှားစေသော အစီအစဉ်များ၊ ထရိုဂျန်(Trojan)၊ မည်သည့် ဗိုင်းရပ်စ်များကိုမဆို ဖန်တီး ပြုလုပ်ခြင်း၊ ထုတ်လွှင့်ခြင်း၊ သိုလှောင်ထားခြင်း သို့မဟုတ် ထုတ်ဝေပေးခြင်း
    ယင်းတို့အပြင်၊ လူကြီးမင်းသည် --
    • port scanning ဆော့ဖ်ဝဲကို ATOM ၏ မည်သည့် ကွန်ရက်ပေါ်တွင်မှ လည်ပတ်လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ
    • မည်သည့် ကွန်ပြူတာစနစ်ကိုမဆို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်ရန် ကြိုးပမ်းအားထုတ်ခြင်းမပြုရ
    • ATOM အပေါ်တွင် ဆိုးကျိုးသက်ရောက်စေသည့် လုပ်ကိုင်ဆောက်ရွက်မှု တစ်စုံတစ်ရာကိုမျှ တာဝန်ယူဆောင်ရွက်ခြင်း မပြုလုပ်ရ
  • (၂၀၁၃)ခုနှစ် ဆက်သွယ်ရေးဥပဒေအရ စည်းကမ်းသတ်မှတ်ထုတ်ပြန်သူ(Regulator)မှ အတည်ပြုသတ်မှတ်ထားသော ၀န်ဆောင်မှု အရည်အသွေးဆိုင်ရာ သက်ဆိုင်အကျံူးဝင်သည့် စံချိန်စံညွှန်းများအပါအဝင် (၂၀၁၃)ခုနှစ် ဆက်သွယ်ရေးဥပဒေအရလိုင်စင်ပါ လိုအပ်ချက်များနှင့် မြန်မာနိုင်ငံ၏ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ATOM သည် အပြည့်အဝလေးစားလိုက်နာပါမည်။

၀န်ဆောင်မှုမြန်နှုန်း နှင့် ရရှိနိုင်မှု

  • ၀န်ဆောင်မှုမြန်နှုန်း နှင့် လှိုင်းအကျယ်အဝန်း အတိုင်းအတာ(band width)တို့သည် လူကြီးမင်းမှာကြားဝယ်ယူထားသော ၀န်ဆောင်မှုအစီအစဉ်အမျိုးအစား ပေါ်တွင်မူတည်ပါမည်။ လူကြီးမင်းရရှိနိုင်မည့် အမြင့်ဆုံးမြန်နှုန်းမှာ ၄င်းနှင့်ကွန်ရက်ကြားတွင် ကေဘယ်ကြိုး သို့မဟုတ် ၀ိုင်ဖိုင်(Wifi)ဖြင့် ချိတ်ဆက်ခြင်း၊ လူကြီးမင်းအဆောက်အအုံရှိ နံရံကို ပြုလုပ်ထားသည့် ပစ္စည်းအမျိုးအစား၊ နှင့် လူကြီးမင်းအတွက် ဤသီးသန့်ချိတ်ဆက်မှုတွင် ပါ၀င်နေသည့် သုံးစွဲသူအရေအတွက်တို့ အပါအဝင် သို့သော် ယင်းတို့မျှသာဟု ကန့်သတ်ထားခြင်းမရှိစေဘဲ၊ များစွာသော အချက်တို့အပေါ်တွင် မူတည်လျက်ရှိပါသည်။ ယင်းတို့အပြင် လူကြီးမင်း ၀င်ရောက်ရယူနေသော ဖိုင်များ သို့မဟုတ် သတင်းအချက်အလက်တို့၏ ပေါင်းစပ်ဖွဲ့စည်းပြုလုပ်ထားမှု၊ သုံးစွဲမှု၊ နှင့် အင်တာနက်တပြိုင်နက်သုံးစွဲနေမှုပမာဏ၊ လူကြီးမင်းနှင့်ဆက်သွယ်နေဆာဗာ(server) နှင့် လူကြီးမင်းနှင့်အခြားသူများ ဆက်သွယ်ရန်သုံးစွဲနေသော ကွန်ရက်တို့ အပေါ်တွင်မူတည်၍ ရည်ညွန်းကာလ တစ်ခုတွင်လူကြီးမင်းရရှိနေသော မြန်နှုန်းသည် ပြောင်းလဲသွားနိုင်ပြီး လူကြီးမင်း၏အမြင့်ဆုံးမြန်နှုန်အောက်လည်း နည်းပါးသွားနိုင်ပါသည်။
  • အထက်ဖေါ်ပြပါအချက်များကို အခြေခံ၍ လူကြီးမင်းသည် မည်သည့် သီးသန့် သတ်မှတ်မြန်နှုန်းတစ်ခုတွင် uploadတင်ပေးခြင်းသို့မဟုတ် download ဆွဲခြင်းကို ဆောင်ရွက်နိုင်လိမ့်မည်ဟု အတိအလင်းသော်လည်းကောင်း သို့တည်းမဟုတ် ယင်းကဲ့သို့အဓိပ္ပါယ်သက်ရောက်စေ၍သော်လည်းကောင်း ATOM အနေဖြင့် အာမခံ သို့မဟုတ် ကတိ ပေးနိုင်ခြင်းမရှိပါ။ အကယ်၍ လူကြီးမင်းအနေဖြင့် ၀န်ဆေင်မှု၏ မြန်နှုန်းနှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ATOM၏ သုံးစွဲသူဝန်ဆောင်မှုဌာန(customer service) ဖုန်း-+959780008080 သို့ ကျေးဇူးပြု၍ ဆက်သွယ်စေလိုပါသည်။

လျှပ်စစ် ပါ၀ါ နှင့် ပစ္စည်းကိရိယာများ

  • ၀န်ဆောင်မှုသည် လူကြီးမင်းအဆောက်အအုံတွင် လည်ပတ်ဆောင်ရွက်မှုရှိရန်အတွက် လျှပ်စစ် ပါ၀ါလိုအပ်ပါသည်၊ ယင်းကိစ္စအတွက် လူကြီးမင်းတွင် ထောက်ပံ့ပေးအပ်ရန် တာဝန်ရှိပါသည်။ ပါ၀ါ ထောက်ပံ့ပေးမှု မရှိသည့်အခါတွင် ၀န်ဆောင်မှုလည်ပတ်မှုရှိမည်မဟုတ်ပါ၊ အကျိုးဆက်အားဖြင့် ၀န်ဆောင်မှုသည်လည်း ရပ်စဲပြတ်တောက်သွားပါမည်။ လူကြီးမင်းတို့အဆောက်အအုံသို့ ထောက်ပံ့ပေးလျက်ရှိသော ပါ၀ါပြတ်တောက်မှုအပေါ်တွင် ATOMက မည်သည့် တာဝန် သို့မဟုတ် ပေးရန်တာဝန်ကိုမျှ လက်မခံပါ။ မီးလောင်မှုအပါအဝင် ပျက်စီးဆုံးရှုံးမှု အန္တရာယ်တို့ကို ရှောင်ရှားနိုင်စေရန်အလို့ငှာ အားလုံးသော ပစ္စည်းကိရိယာ(ATOM ပစ္စည်းကိရိယာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ)တို့ကို အဆိုပါ ထုတ်ကုန်၏ သတ်မှတ်ချက်များနှင့်အညီသာလျှင် သုံးစွဲရန်၊ လုပ်ကိုင်ရန် နှင့် ထိန်သိမ်းစောင့်ရှောက်ထားရန် လူကြီးမင်းတာဝန်ယူရမည်။

လုံခြံုမှုရှိရေး

  • လူကြီးမင်း၏ သုံးစွဲသူသက်သေခံအထောက်အထား (user ID) နှင့်/သို့မဟုတ် စကားဝှက်တို့ အမြဲတစေ မပေါက်ကြားဘဲ ရှိနေရေးကို သေချာစေရန်မှာ လူကြီးမင်း၏တာဝန်ဖြစ်သည်။ အကယ်၍ လိုအပ်ပါက သုံးစွဲသူများအနေဖြင့် မိမိတို့၏ သုံးစွဲသူသက်သေခံအထောက်အထား(user ID) နှင့်/သို့မဟုတ် စကားဝှက်တို့ကို ပြောင်းလဲသုံးစွဲရန် ATOM က မေတ္တာရပ်ခံပါမည်။
  • အခြားမည်သည့် တတိယပုဂ္ဂိုလ်/အဖွဲ့ထံသို့မျှ လူကြီးမင်း၏သုံးစွဲသူသက်သေခံအထောက်အထားကို ထုတ်ဖေါ်ပြောကြားထားခြင်း၊ သို့မဟုတ် မည်သည့် ရည်ရွယ်ချက်ဖြင့်မဆို ယင်းစကားဝှက်တစ်ခုတည်းကိုပင် သုံးစွဲ၍ လူကြီးမင်းဝင်ရောက်ခွင့်မရှိသော ၀န်ဆောင်မှု၏ အခြားအစိတ်အပိုင်းများသို့ ၀င်ရောက်ခြင်း သို့မဟုတ် ၀င်ရောက်ရန်ကြိုးပမ်းခြင်း အပါအဝင် ကွန်ရက်ကို မသင့်မလျော် သုံးစွဲခြင်းနှင့်စပ်ဆိုင်သောကိစ္စများတွင် သုံးစွဲမှုမပြုလုပ်ရပါ။
  • လူကြီးမင်းသည် တတိယပုဂ္ဂိုလ်/အဖွဲ့တစ်ခုမှ ၀င်ရောက်ရယူခွင့်ကို ရရှိခြင်းမရှိစေရန် လိုအပ်သော သင့်လျော်သည့် ကာကွယ်မှုများကို ပြုလုပ်ထားရန်မှာ လူကြီးမင်း၏တာဝန်သာဖြစ်ပါသည်။ မည်သည့် ချိုးဖောက်မှုတစ်စုံတစ်ရာ သို့မဟုတ် ယင်းကဲ့သို့သံသယဖြစ်ဖွယ်ရာတစ်စုံတစ်ရာကိုမဆို သတိထားမိပါက လူကြီးမင်းသည် ATOM အားချက်ချင်းအကြောင်းကြားရမည်။
  • ဤဝန်ဆောင်မှုနှင့်အတူ တွဲဖက်သုံးစွဲလျက်ရှိသော လူကြီးမင်း၏ ကွန်ပြူတာ(များ)၊ မိုဘိုင်း ပစ္စည်း နှင့် အခြားမည်သည့် ဆော့ဖ်ဝဲတို့ကိုမဆို လုံခြံုမှုရှိစေရန် စီမံဆောင်ရွက်၍ အကာအကွယ် ချမှတ်ပြုလုပ်ထားရန်မှာ လူကြီးမင်း၏တစ်ဦးတည်း တာဝန်ဖြစ်သည်။
  • လူကြီးမင်း့ကွန်ပြူတာ(များ) သို့မဟုတ် မိုဘိုင်းပစ္စည်းကို အင်တာနက်လုံခြံုရေး သို့မဟုတ် ဗိုင်းရပ်စ်များကို ဆန့်ကျင်တိုက်ဖျက်နိုင်မည့် ဆော့ဖ်ဝဲ (anti-virus software)များဖြင့် အကာအကွယ်ပြုလုပ်ထားရန် ATOM အနေဖြင့် အလေးအနက် တိုက်တွန်းအကြံပြုပါသည်။

ခေတ္တ ဆိုင်းငံ့ထားခြင်း၊ ဖြတ်တောက်ခြင်း သို့မဟုတ် ရပ်စဲခြင်း

  • လူကြီးမင်းသည် ကွန်ပြူတာ သို့မဟုတ် မိုဘိုင်းဖုန်း သို့မဟုတ် ၀န်ဆောင်မှုများကို ဤစည်းကမ်းသတ်မှတ်ချက်များအောက်တွင် ခွင့်ပြုထားသည့်နည်းလမ်းများဖြင့် သုံးစွဲခြင်းမရှိဟု ATOMကယင်း၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထင်မြင်ယူဆသည့်အခါတွင်
  • ၀န်ဆောင်မှုများကို ၀င်ရောက်ရရယူသုံးစွဲရန် အသုံးပြုရသော သုံးစွဲသူဆိုင်ရာ သက်သေခံ အထောက်အထား သို့မဟုတ် စကားဝှက်ကို ခွင့်ပြုချက်မရှိဘဲ၊ တရားမဝင်၊ မမှန်မကန် သို့မဟုတ် လိမ်လည်လှည့်ဖျား သည့်နည်းလမ်းများဖြင့် ရရှိထားသည်ဟု ATOMကယင်း၏ တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထင်မြင်ယူဆသည့်အခါတွင် လူကြီးမင်းသည် ဤစည်းကမ်းသတ်မှတ်ချက်များကို ကြီးလေးစွာချိုးဖောက်သည့်အခါ သို့မဟုတ် မလိုက်နာလိုက်နာသည့်အခါ
  • ၀န်ဆောင်မှုအတွက် ကျသင့်သည့်ငွေအား လူကြီးမင်းတို့ ပေးချေမှုသည် ခိုးယူမှုပုံစံအားဖြင့် သို့မဟုတ် အခြားနည်းအားဖြင့် တားမြစ်ထားသော သို့မဟုတ် မမှန်ကန်သော debitကဒ် သို့မဟုတ် credit ကဒ် ဖြင့် ပေးချေသည့်နည်းလမ်းကို သုံးစွဲ၍ လူကြီးမင်းပေးချေသည်ဟု ATOMကယင်း၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထင်မြင်ယူဆသည့်အခါတွင် သို့မဟုတ် အကယ်၍ credit ကဒ် သို့မဟုတ် debit ကဒ်ဖြင့် ပေးချေမှုကို နောင်ကာလတွင် ATOMထံမှ ပြန်လည် ကောက်ခံခြင်း ခံရသည့်အခါ
  • လူကြီးမင်း၏ router ပျက်စီးခြင်း၊ သို့မဟုတ် ပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခံရသည်ဟု ATOM အား အကြောင်းကြားသည့်အခါ
  • လူကြီးမင်းက မည်သည့်ကိစ္စကိုမဆို ထိုသို့ပြုလုပ်ခြင်း သို့မဟုတ် ပြုလုပ်ရန်ခွင့်ပြု၍ ထိုသို့ပြုလုပ်ခြင်းသည် ၀န်ဆောင်မှု၏ လုံခြံုရေး သို့မဟုတ် လည်ပတ်ဆောင်ရွက်မှုကို ပျက်စီးစေမည် သို့မဟုတ် သက်ရောက်မှုရှိစေမည်ဟု ATOM ကယုံကြည်သောအခါ
  • လူကြီးမင်း ဒေဝါလီ ခံသောအခါ သို့မဟုတ် လူကြီးမင်း၏ ကြွေးရှင်များထံအပ်နှံရန် စီစဉ်ခံရသောအခါ သို့မဟုတ် လူကြီးမင်း ဖျက်သိမ်းခံရသောအခါ သို့မဟုတ် စီမံအုပ်ချုပ်ခွင့်နှင့်စပ်လျဉ်းသည့် အမိန့်ချမှတ်ခံရသောအခါ သို့မဟုတ် လူကြီးမင်း၏ မည်သည့် ပိုင်ဆိုင်မှုများအပေါ်တွင်မဆို လွှဲပြောင်းလက်ခံရရှိမည့်သူ ခန့်အပ်ခြင်းခံရသောအခါ
    • • ATOM က ၀န်ဆောင်မှုများကို လူကြီးမင်းထံသို့ အမြဲထာဝရ ပေးအပ်နိုင်ခြင်းမရှိတော့သောအခါ၊ သို့မဟုတ်
    • • ဥပဒေ သို့မဟုတ် အာဏာပိုင်များ သို့မဟုတ် အရေးပေါ်အခြေအနေများက လူကြီးမင်းထံသို့ ၀န်ဆောင်မှု ပေးအပ်ရန် ATOMအား ခွင့်မပြုပါက
  • လူကြီးမင်း၏ပြစ်ချက်ကြောင့်ဟု ATOMက ၄င်း၏ တစ်ဦးတည်းဆုံးဖြတ်ယူဆချက်ဖြင့် ခေတ္တဆိုင်းငံ့ထားရမည့် သို့မဟုတ် ရပ်စဲရမည့် ကိစ္စရပ်များတွင် လူကြီးမင်းအကောင့်တွင်ရှိသည့် မည်သည့် လက်ကျန်ပမာဏကိုမဆို လူကြီးမင်းဆုံးရှုံးရမည်ဖြစ်သည်။ သို့သော်လည်း ခေတ္တဆိုင်းငံ့ထားရမည့် သို့မဟုတ် ရပ်စဲရမည့် ကိစ္စရပ်များသည် လူကြီးမင်း၏ပြစ်ချက်ကြောင့် မဟုတ်ခဲ့သည့်ကိစ္စရပ်တွင် ATOM သည် ဖြစ်နိုင်သည့်အချိန်တွင် ၀န်ဆောင်မှုကို လူကြီးမင်းထံသို့ ပြန်လည် ချိတ်ဆက်ပေးရန် သင့်တော်သည့် ကြိုးပမ်းအားထုတ်မှုများကို သုံး၍ ပြုလုပ်သွားပါမည်။ ထို့အပြင် ခေတ္တဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းမတိုင်မီက လူကြီးမင်း၏အကောင့်ထဲတွင် ယ္ခင်ရှိသည့် လက်ကျန်ပမာဏအတိုင်း ပြန်လည်ရရှိအောင်လည်းပြုလုပ်ပေးသွားပါမည်။
  • သုံးစွဲသူမှ ၄င်းရယူထားသည့် FTTH ၀န်ဆောင်မှုအား အနည်းဆုံး(၆)လ အသုံးပြုရမည်ဖြစ်ပြီး (၆)လ မတိုင်မီ ၀န်ဆောင်မှုအား ရပ်ဆိုင်းလိုပါက သတ်မှတ်ထားသည့် ကာလမတိုင်မီ ၀န်ဆောင်မှုရပ်ဆိုင်းသည့် အတွက် ၆သောင်းကျပ်တိတိ အား ဒဏ်ကြေးအနေဖြင့် ATOMြမန်မာသို့ ပေးဆောင်ရမည်ဖြစ်သည်။

အာမခံချက်များ နှင့် ပေးရန်တာဝန်ဆိုင်ရာ ကန့်သတ်ချက်များ

  • အောက်တွင်ဖေါ်ပြထားသည့် အချက်များအပါအဝင် လူကြီးမင်းကြံုတွေ့ခံစားရသော မည်သည့် ဆုံးရှုံးမှုအတွက်မဆို ATOM တွင် တရားဝင် ပေးရန်တာဝန် သို့မဟုတ် တာဝန်မရှိပါ။
  • ATOM ပစ္စည်းကိရိယာအပါအဝင် ၀န်ဆောင်မှုသုံးစွဲခြင်းနှင့်ဆက်စပ်ပစ္စည်းကိရိယာတို့ကြောင့် ပေါ်ပေါက်လာသော အမြတ်အစွန်းများ ဆုံးရှုံးမှု သို့မဟုတ် ၀င်ငွေထိခိုက်နစ်နာမှု၊ သတင်းအချက်အလက်များ ပျောက်ဆုံးမှု သို့မဟုတ် ပရိုဂရမ်(များ)-(Programme(s) ထိခိုက်ပျက်စီးမှုများ သို့မဟုတ် အချက်အလက်များပျက်စီးခြင်းတို့ အပါအဝင် မည်သည့် သွယ်ဝိုက်သောအားဖြင့်၊ အပြင်းအထန်၊ အထူးတလည်၊ အကျိုးဆက်အဖြစ် သို့မဟုတ် မတော်တဆအားဖြင့် ထိခိုက်နစ်နာပျက်စီးမှုများမဆို
    • လုပ်ငန်း သို့မဟုတ် အခွင့်အလမ်း တစ်စုံတစ်ရာဆုံးရှုံးမှု
    • ATOM ပစ္စည်းကိရိယာကြောင့်ဖြစ်စေ သို့မဟုတ် အခြားသော ပစ္စည်းကိရိယာကြောင့် ဖြစ်စေ ၀န်ဆောင်မှုနှင့်စပ်လျဉ်းသည့် ပစ္စည်းကိရိယာကို သုံးစွဲခြင်းပြုရာမှ ပေါ်ပေါက်သော ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်နစ်နာမှု
    • မည်သည့်ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်နစ်နာမှုမဆို ယင်းသည် တစ်ဦးတည်းလုံးလုံးလျားလျား နှင့်တိုက်ရိုက် ATOM ကြောင့် ဖြစ်ပွါးပေါ်ပေါက်ခြင်း မဟုတ်သည့်ကိစ္စ
    • တတိယ ပုဂ္ဂိုလ်/အဖွဲ့များက လူကြီးမင်းအပေါ်တွင် ဆန့်ကျင် တောင်းခံသော မည်သည့်တောင်းခံမှုမဆို
    • ၀န်ဆောင်မှုကို ပေးအပ်ရာတွင် ခေတ္တယာယီအနှေင့်အယှက်ကို ဖြစ်ရိုးဖြစ်စဉ် ဖြစ်ရပ်တစ်ခုအဖြစ် ကြံုတွေ့ရနိုင်ပါသည်၊ ယင်းကဲ့သို့သော ခေတ္တယာယီ
  • အနှောင့်အယှက် အပေါ်တွင် ATOM အနေဖြင့် မည်သည့်တာဝန်မျှမရှိပါ။ ထို့အပြင် ၀န်ဆောင်မှုသုံးစွဲမှုဖြစ်စဉ်တစ်လျှောက်တွင် လူကြီးမင်းဝင်ရောက်ရယူနေသည့် မည်သည့် တတိယပုဂ္ဂိုလ်/အဖွဲ့၏ကွန်ရက် အပေါ်တွင် မည်သည့် ထိန်းချုပ်နိုင်စွမ်းမျှ ATOM တွင်မရှိပါ၊ ထို့ကြောင့် အခြားသော ကွန်ရက်တို့၏ ထုတ်လွှင့်မှုတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ခေတ္တယာယီ အနှောင့်အယှကသည် ATOMမှ ထိန်းချုပ်မှု၏ ပြင်ပတွင်ရှိသဖြင့် ATOM ထိန်းချုပ်မှု၏ ပြင်ပတွင်ရှိသော ယင်းကဲ့သို့သော မည်သည့်နှောင့်နှေးကြန့်ကြာမှုများနှင့် ခေတ္တယာယီ နှောင့်နှေးကြန့်ကြာမှုများ အနှောင့်အယှက်များအတွက်မဆို မည်သည့်ပေးရန်တာဝန် သို့မဟုတ် တာဝန်ကိုမျှATOM က လက်မခံပါ။ ယင်းတို့အပြင် ရန်သူမျိုးငါးပါးဘေးဒါဏ်၊ ပေါက်ကွဲမှု၊ ဖျက်ဆီးခံရခြင်း၊ အကြမ်းဖက်မှု၊ ကေဘယ်ကြိုးများကို ဖြတ်တောက်ခံရခြင်း သို့မဟုတ် ကျိုးပြတ်သွားခြင်း၊ ကြီးမားပြင်းထန်းသော ရာသီဥတုဆိုးရွားမှု၊ နိုင်ငံတော်အရေးပေါ်အခြေနေ၊ ဆူပူအုံကြွမှု၊ စစ်မက်ဘေး၊ လုပ်သား မရရှိနိုင်သည့် အခက်ခဲ၊ ပေးသွင်းသူ ပျက်ကွက်မှု၊ ရှားပါးပြတ်လပ်မှု၊ ဆန့်ကျင်ဆန္ဒပြမှု၊ ပါ၀ါ ပြတ်လပ်မှု၊ မည်သည့် ဥပဒေ သို့မဟုတ် အစိုးရ၏ တောင်းဆိုမှု သို့မဟုတ် အရေးပေါ်ကိစ္စဝန်ဆောင်မှုများ၊ သို့မဟုတ် လူကြီးမင်းကိုယ်တိုင်ကြောင့် ဖြစ်ပေါ်စေသောထမ်းရွက်ရန်ပျက်ကွက်မှုတို့အတွက် ATOM တွင် မည်သည့် ပေးရန်တာဝန် သို့မဟုတ် တာဝန် မဆိုမရှိပါ။
  • ATOM ၏ပေးရန်တာဝန်သည် အနည်းဆုံးပမာဏထက်ပိုရန်မရှိသည်မှာ- (၁) ၀န်ဆောင်မှု အဖိုးအခအတွက် အမှန်တကယ်ပေးသွင်းထားသော နောက်ဆုံး (၁၂)လစာ၊ နှင့် (၂) ၅၀၀, ၀၀၀ ကျပ်၊ တောင်းခံမှုတစ်ခုချင်းစီ သို့မဟုတ် ဆက်နွယ်နေသော တောင်းခံမှုအတွဲများအတွက် ပြက္ခဒိန်နှစ် တစ်နှစ်လျှင် ဤကဲ့သို့ ကန့်သတ်မှုသည် ကိစ္စရပ်နှစ်မျိုးစလုံးတွက် အကျံုးဝင်သည်။

ဆုံးရှုံးနစ်နာမှုများမှ ကာကွယ်ခြင်း

  • သက်ဆိုင်ရာ တောင်းခံမှုသည် အကျိုးအကြောင်းညီညွှတ်သည့်ဖြစ်စေ မညီညွှတ်ဖြစ်စေ၊ ATOM၏ ပေါ့လျော့မှုကြောင့်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ နှင့် တတိယပုဂ္ဂိုလ်/အဖွဲ့ထံမှ တောင်းခံမှုပါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဤစည်းကမ်းသတ်မှတ်ချုက်များအောက်တွင် မည်သည့် လူကြီးမင်း၏ချိုးဖောက်မှု သို့မဟုတ် မည်သည့်ဥပဒေများအောက်တွင်မဆို ပေါ်ပေါက်၍ ဆန့်ကျင်တောင်းခံသော မည်သည့်သဘောသဘာဝရှိသော ရထိုက်ခွင့်များဖြင့် အခိုင်အမာတောင်းခံခြင်းအားလုံး၊ အရေးယူမှုများ၊ တရားစွဲဆိုမှုများ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ ပေးရန်တာဝန်များ၊ ဆုံးရှုံးမှုများ၊ ပေးချေဖြေရှင်းရခြင်းများ၊ တရားစရိတ်များ နှင့် ကုန်ကျမှုများ(သင့်တင့်မျှတသော ရှေ့နေကြေး နှင့် စရိတ်များ အပါအဝင် သို့သော် ကန့်သတ်ထားခြင်းမရှိ) ("တောင်းခံမှုများ") မှမဆို ATOM ၏ဝန်ထမ်းများ၊ အရာရှိများ၊ ဒါရိုက်တာများ၊ တဆင့်ခံစာချုပ်ချုပ်ဆိုထားသူများ(subcontractors)၊ ကိုယ်စားလှယ်များ၊ ရှယ်ရာရှင်များ(stockholders)၊ လက်အောက်ခံအဖွဲ့များ အပါအဝင် ATOM အား မည်သည့် အချိန်တွင်မဆို ထိခိုက်နစ်နာခြင်းမရှိစေရန် နှင့်ဆုံးရှုံးနစ်နာမှုမှကင်း ကာကွယ်ကင်းလွတ်စေရန် ကတိကဝတ် ပြုတာဝန်ယူပါသည်

ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ

  • သုံးစွဲသူ၏ သဘောတူညီမှုပုံစံ(CAF)ပေါ်တွင် ဖြည့်ထားသော သင်၏ပုဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို လုံခြုံစိတ်ချမှုရှိသည့် (Cloud Service) ဝန်ဆောင်မှုတွင် စနစ်တကျသိမ်းဆည်းထားပါသည်။ ပုဂိုလ်ရေးသတင်းအချက်အလက်များကို င်ငံတကာစံနှုန်းနှင့်အညီ လုပ်ကိုင်ရာတွင်၊ သင်၏ပုဂိုလ်ရေးသတင်းအချက်အလက်များကို ပိုမိုလုံခြံုစိတ်ချစွာ ထိန်းသိမ်းထားပြီဖြစ်ကြောင်း သင့်လျော်သောအဆင့်များဖြင့် အတည်ပြုခဲ့ပါသည်။ ပုံမှန်အားဖြင့် မည့်သည့်ဝန်ဆောင်မှုကိုမဆို သတင်းအချက်အလက်လုံခြံုမှုများကို ပန်လည်စစ်ဆေးကြည်ရှုခြင်း၊ မိတ်ဖွဲ့အဖွဲ့ဝင်များနှင့် သဘောတူစာချုပ်များထားရှိခြင်းစသော အဆင့်များစွာပါဝင်ပါသည်။ ပုဂိုလ်ရေးသတင်းအချက်အလက်များအားလုံးကို မန်မာနိုင်ငံတရားဥပဒေနှင့်အညီ၊ နိုင်ငံတကာလက်ခံနို်င်သော အတွေ့အကြံုကောင်းများနှင့်အတူ စီမံဆောင်ရွက်ထားပါသည်။
  • ATOM သို့လူကြီးမင်းပေးပို့ထားသော သတင်းအချက်အလက်တို့ကို အောက်ပါတို့အတွက်ရည်ရွယ်၍ ATOM နှင့် ၄င်းတို့၏ မည်သည့် လက်အောက်ခံအဖွဲ့အစည်းတို့ကမဆို သုံးစွဲခွင့်ရှိသည်ဟု လူကြီးမင်းကိုယ်တိုင် သိရှိပြီးသည့်အလျောက် ရှင်းလင်းပြတ်သားစွာ သဘောတူညီပါသည်-
    • လူကြီးမင်း၏အကောင့်ကို စီမံခန့်ခွဲရန်၊ သုံးစွဲသူများအတွက် ရှင်းလင်းပြန်ကြားပေးရေးလုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်ရန်၊ ကျွနု်ပ်တို့၏ ၀န်ထမ်းများအား သင်ကြားပို့ချရန် (ဖုန်းခေါ်ဆိုခြင်းနှင့် သင်တို့ပေးပို့လိုက်သော အီးမေးလ်(သို့မဟုတ်) မက်ဆေ့ချ်များကို ကြီးကြပ်ခြင်းဆိုင်ရာများ ပါ၀င်သော သင်တန်းများတွင်)
    • ကွန်ရက်၏ အရည်အသွေးနှင့် လုံခြံုစိတ်ချရမှုအား စောင့်ကြည့်ရန်၊ အိုင်တီနည်းစနစ်များကို စမ်းသပ်စစ်ဆေးရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်။
    • ကျွနု်ပ်တို့၏ ၀က်ဘ်ဆိုက်ကို သင်အသုံးပြုမှုနှင့် သင့်အသုံးပြုမှုဆိုင်ရာ အချက်အလက်များ အပါအဝင်၊ သုံးစွဲမှုများအပါ၀င် သို့ရာတွင် ယင်းတို့ကသာဟုကန့်သတ်ထားခြင်း မရှိဘဲ စျေးကွက်ဖော်ဆောင်ရေး ရည်ရွယ်ချက်များအတွက် သင်တို့၏ ၀န်ဆောင်မှုသုံးစွဲခြင်းများကို လေ့လာဆန်းစစ်ရာတွင်
    • www.atom.com.mm တွင် ထုတ်ပြန်ထားသော ATOM ၏ ပုဂ္ဂိုလ်ရေး အချက် အလက်ဆိုင်ရာ ကြေညာစာတွင် ဆက်လက် ဖေါ်ပြထားသကဲ့သို့သော အခြားသော သုံးစွဲခြင်းများ

စည်းကမ်းသတ်မှတ်ချက်များကို ပြင်ဆင်ချက်များ

  • ဤစည်းကမ်းသတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို ATOM ကပြင်ဆင်နိုင်ပါသည်။ သင့်တော်သည့်နည်းလမ်းများဖြင့် အနည်းဆုံးတစ်ပတ်ကြိုတင်၍ ATOM က လူကြီးမင်းအားအကြောင်းကြားပါမည်။ အကယ်၍ ပြောင်းလဲပြင်ဆင်ချက်များကို သဘောမတူညီပါက ATOM ထံသို့ အကြောင်းကြား၍ ၀န်ဆောင်မှုသုံးစွဲခြင်းကို လူကြီးမင်းရပ်စဲနိုင်ပါသည်။ စည်းကမ်းသတ်မှတ်ချက်များကို ပြင်ဆင်ခြင်းအားအကြောင်းကြားပြီးနောက် ဆက်လက်သုံးစွဲခြင်းသည် အဆိုပါပြောင်းလဲပြင်ဆင်ချက်များကို လူကြီးမင်းက သဘောတူညီပြီးဖြစ်သည်ဟု နားလည်မှတ်ယူပါမည်။

အထွေထွေကိစ္စရပ်များ

  • ATOM သည် မည်သည့်အချိန် မည်သည့် တတိယပုဂ္ဂိုလ်/အဖွဲ့ ထံသို့မဆို ဤသဘောတူညီချက်ကို လွှဲပြောင်းပေးပိုင်ခွင့်ရှိသည်။ ATOM၏ စာဖြင့်ရေးသားခွင့်ပြုချက်ဖြင့် လူကြီးမင်းတွင်လည်း ဤသဘောတူညီချက်ကို လွှဲပြောင်းပေးပိုင်ခွင့်ရှိသည်။

တိုင်တန်းချက်များ/အငြင်းပွါးမှုများကို ဖြေရှင်းခြင်း

  • လူကြီးမင်းတွင် မကျေနပ်ချက်တစ်စုံတစ်ရာရှိပါက၊ ATOM Business Call Center နံပါတ်- +959780008080 သို့ ကျေးဇူးပြု၍ ဆက်သွယ်အကြောင်းကြားစေလိုပါသည်။
  • ATOM နှင့် လူကြီးမင်းကြားတွင် တစ်စုံတစ်ရာ အငြင်းပွါးဖွယ်ရာကိစ္စရပ်ရှိပါက ပြေလည်စွာဖြင့်အတူဖြေရှင်းနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ အကယ်၍ အငြင်းပွါးမှုကို ပြေလည်စွာမဖြေရှင်းနိုင်ခဲ့ပါက ယင်းကိစ္စကို ရုံးတော်တွင် အဆုံးအဖြတ်ခံယူရပါမည်။