ATOM အိမ်သုံးကြိုးမဲ့ အင်တာနက် ၀န်ဆောင်မှု၏ စည်းကမ်းသတ်မှတ်ချက်များ ဤစည်းကမ်းသတ်မှတ်ချက်များသည် လူကြီးမင်း (သို့မဟုတ် သုံးစွဲသူ)နှုင့် မြန်မာ့ဥပဒေများနှင့်အညီ မှတ်ပုံတင်၍ မှတ်ပုံတင်အမှတ် ၁၈၄၆၇၆၉၆၆ ဖြင့် အမှတ် ၂၂၁၊ ဆူးလေဘုရားလမ်း၊ Level ၁၇၊၂၂၊၂၃၊ ကျောက်တံတား မြို့နယ် ရန်ကုန်မြို့လိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားရှိသော ATOM Myanmar Ltd.(သို့မဟုတ် ATOM )တို့ကြားတွင် တရားဝင်အတည်ဖြစ်၍ လိုက်နာရန်လိုအပ်သည့် သဘောတူညီချက်ဖြစ်သည်။ ATOM ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအား သုံးစွဲခြင်းဖြင့် သို့မဟုတ် ပေးချေခြင်းဖြင့် လူကြီးမင်းသည် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ကြောင်း နှင့် ဤစည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည် ပြီးဖြစ်ကြောင်းကို ကိုယ်စားပြုရာရောက်ပါသည်။
သုံးစွဲသူ၏သဘောတူညီမှုပုံစံ (CAF) ပေါ်တွင်ဖြည့်ထားသော သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို မြန်မာပြည်ပြင်ပ၌ရှိသော လုံခြုံစိတ်ချမှုရှိသည့် (Cloud Service) ၀န်ဆောင်မှုတွင် စနစ်တကျသိမ်းဆည်းထားပါသည်။ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များကို နိုင်ငံတကာစံနှုန်းနှင့်အညီ လုပ်ကိုင်ရာတွင်၊ သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုလုံခြုံစိတ်ချစွာ ထိန်းသိမ်းထားပြီးဖြစ်ကြောင်း သင့်လျော်သောအဆင့်များဖြင့် အတည်ပြုခဲ့ပါသည်။ ပုံမှန်အားဖြင့် မည်သည့်ဝန်ဆောင်မှုကိုမဆို သတင်းအချက်အလက်လုံခြံုမှုများကို ပြန်လည်စစ်ဆေးကြည့်ရှုခြင်း၊ မိတ်ဖွဲ့အဖွဲ့ဝင်များနှင့် သဘောတူစာချုပ်များထားရှိခြင်းစသော အဆင့်များစွာပါ၀င်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များအားလုံးကို မြန်မာနိုင်ငံတရားဥပဒေနှင့်အညီ၊ နိုင်ငံတကာ လက်ခံနိုင်သောအတွေ.အကြုံကောင်းများနှင့်အတူ စီမံဆောင်ရွက်ထားပါသည်။
ATOM သို့လူကြီးမင်းပေးပို့ထားသော သတင်းအချက်အလက်တို့ကို အောက်ပါတို့အတွက်ရည်ရွယ်၍ ATOM နှင့် ၄င်းတို့၏ မည်သည့် လက်အောက်ခံအဖွဲ့အစည်းတို့ကမဆို သုံးစွဲခွင့်ရှိသည်ဟု လူကြီးမင်းကိုယ်တိုင် သိရှိပြီးသည့်အလျောက် ရှင်းလင်းပြတ်သားစွာ သဘောတူညီပါသည်။